Sunday, December 9, 2012

M-HTMl Paragraph

HTML Paragraph

သင့်ဝက်ဆိုက်မှာ စာရေးတဲ့အခါ စာပိုက်တွေကိုခွဲပြီးရေးနိုင်တယ်၊ စာပိုဒ် တစ်ပိုဒ် စီမှာတော့ စာပိုဒ်ဖြစ်ကြောင်း HTML Tags နဲ့ မှတ်သားထားရမယ်၊ စာပိုဒ် အတွက် အသုံးပြုတဲ့ HTML Tags ကတော့ အဖွင့်
နဲ့ အပိတ်
တို့ပါ၊ အဖင့်
နဲ့ အပိတ်
တို့ကို စာပိုဒ်တစ်ခုရဲ့ အစ နဲ့ အဆုံးမှာထည့်ပေးပြီး စာပိုဒ်ဖြစ်ကြောင်းကို သတ်မှတ်ရပါတယ်၊ အောက်က ဥပမာ ကိုကြည့်ပါ၊





You win it’s your show now so what is gonna be, cause people will tune in how many trined trick do we need to see.
You win it’s your show now so what is gonna be, cause people will tune in how many trined trick do we need to see.


အထက်က HTML Document ကို Run ကြည့်လိုက်ပါ၊ ဒါဆိုရေးထားတုံးက ရောရေးထားပေမယ့် သင့်ဝက်ဆိုက်မှာတော့ စာပိုဒ်တွေခွဲပြီး ဖော်ပြနေတာကိုတွေ့ရမှာပါ၊ ဒါကတော့ အဖွင့်
နဲ့ အပိတ်
ဆိုတဲ့ Paragraph tags ထည့်ထားလို့ပါ၊
HTML Line Break
စာပိုက်တော့မခွဲချင်ဘူး စာကြောင်းပဲ ခြားချင်တယ်ဆိုရင်လဲ စာကြောင်းခြားတဲ့ HTML tag ဖြစ်တဲ့ line break
ကိုသုံးနိုင်ပါတယ်၊ တစ်ချို့တော့ နောက်က မျဉ်းစောင်းကိုထည့်မရေးဘူး၊
က အဖွင့် ပိတ်ကို တစ်ခုထဲမှာပဲ လုပ်သွားတယ်၊ ပြောချင်တာက အဖွင့်
နဲ့ အပိတ်
ဆိုပြီးမရှိဘူး၊
ဆိုပြီးတစ်လုံးထဲပဲထည့်ရတယ်၊ အဖွင့် နဲ့ အပိတ် မရှိတာကြောင့် သူ့ကို self closing tag လို့ခေါ်တယ်၊ ထည့်ရမယ့် နေရာကို စာကြောင်းကို အဆုံးသတ်ပြီး နောက်တစ်ကြာင်းကိုပြောင်းစေချင်တယ်ဆိုရင် အဲ့ဒီ့ အဆုံးသတ်မယ့် စာကြောင်းရဲ့ နောက်ဆုံးမှာထည့်ရမှာ၊ အောက်မှာဥပမာကိုကြည့်ပါ၊





You win it’s your show now so what is gonna be, cause people will tune in how many trined trick do we need to see, befor loose touch of we though this was slow, will it’s best getting worse where would all good people go.

You win it’s your show now so what is gonna be, cause people will tune in how many trined trick do we need to see, befor loose touch of we though this was slow, will it’s best getting worse where would all good people go.

You win it’s your show now so what is gonna be, cause people will tune in how many trined trick do we need to see, befor loose touch of we though this was slow, will it’s best getting worse where would all good people go.

You win it’s your show now so what is gonna be, cause people will tune in how many trined trick do we need to see, befor loose touch of we though this was slow, will it’s best getting worse where would all good people go.



အထက်က ဥပမာမှာ အဆုံးသတ်လိုတဲ့စာကြောင်းတွေရဲ့နောက်မှာ
ကိုထည့်ထားတယ်၊ ဒါကြောင့် အဲ့ဒီ့စာကြောင်းအဆုံးသတ်သွားပြီး နောက်ရေးသမျှစာတွေအားလုံး နောက်တစ်ကြာင်းကိုရောက်သွားမယ်၊
စာကြောင်းခြားတဲ့ Tag ဖြစ်တဲ့
နဲ့ စာပိုက်ခြားတဲ့ tags ဖြစ်တဲ့
တို့မတူကြပါဘူး၊ စာပိုဒ် tag အတွက် browser က ရှေ့နဲ့ နောက်မှာ နေရာလွတ်ချန်ပေးထားပါတယ်၊ နို့ပေမယ့် စာကြောင်းခြားတဲ့
tag အတွက်တော့ နေရာလွတ်မထားပေးပါဘူး၊
HTML Horizonal Line
စာပိုက်တစ်ခုအောက်မှာမျဉ်းကြောင်း ထားလို့ရပါတယ်၊ Line မျဉ်းကြောင်းကို ကိုစားပြုတဲ့ HTML tag ကတော့


ဖြစ်ပါတယ်၊ သူလဲ Line break tag
လိုပဲ self closing tag ပါ၊ အဖွင့် အပိတ် နှစ်ခုမရှိဘူး၊ မျဉ်းတားလိုတဲ့ စာပိုဒ်ရဲ့အောက်မှာ

လို့ထည့်ပေးလိုက်တာနဲ့ မျဉ်းကြောင်း တစ်ကြောင်းတားပြီးသားဖြစ်သွားမယ်၊ အောက်မှာဥပမာကြည့်ပါ၊




You win it’s your show now so what is gonna be, cause people will tune in how many trined trick do we need to see, befor loose touch of we though this was slow, will it’s best getting worse where would all good people go.


You win it’s your show now so what is gonna be, cause people will tune in how many trined trick do we need to see, befor loose touch of we though this was slow, will it’s best getting worse where would all good people go.

You win it’s your show now so what is gonna be, cause people will tune in how many trined trick do we need to see, befor loose touch of we though this was slow, will it’s best getting worse where would all good people go.

You win it’s your show now so what is gonna be, cause people will tune in how many trined trick do we need to see, befor loose touch of we though this was slow, will it’s best getting worse where would all good people go.



အထက်က ကုတ်ကို Run ကြည့်လိုက်ရင် စာတစ်ကြောင်းအဆုံးလို့သတ်မှတ်ပြီး

ထည့်ထားတဲ့စာသား အဆုံးမှာ မျဉ်းကြောင်းတစ်ကြောင်းဆွဲထားတာတွေ့လိမ့်မယ်၊ အထက်က ဥပမာ မှာတော့

လေးခုပါတော့ မျဉ်းလေးကြောင်းပေါ့၊
ကိုသုံးထားရင် line break
ကိုသုံးစရာမလိုတော့ပါဘူး၊ HTML tag နဲ့ ထည့်ထားတဲ့မျဉ်းကြောင်းတွေကို အရွယ်အစား နဲ့ အရောင်ချိန်ညှိလို့ရပါတယ်၊ နောက်ပိုင်းမှာ သင်ပြပေးပါမယ်၊
HTML Comments
HTML Doucment တစ်ခုရေးရင်း မှတ်သားစရာပေါ်လာတယ်၊ မှတ်ချက်ထည့်စရာပေါ်လာခဲ့တယ်ဆိုရင်ဖြင့် အဲ့ဒီ့ HTML Document ထဲမှာပဲ မှတ်သားထားနိုင်ပါတယ်၊ အောက်မှာ HTML Comment ထည့်တဲ့ ပုံကိုကြည့်ပါ၊




hey what are you doing



အထက်က HTML Document ကို Run လိုက်ရင် hey what are you doing ဆိုတဲ့ စာသားကိုတွေ့ရမယ်၊ ဒါပေမယ့် I am learning HTML ဆိုတဲ့စာသားကိုတော့ မတွေ့ရပါဘူး၊ အကြောင်းကတော့ ဆိုတဲ့စာသားက comment ဖြစ်နေလို့ပါ၊ အလုပ်လုပ်နေရင်း မှတ်သားချင်တာတွေရှိရင် အဲ့ဒီ့ comment ထည့်တဲ့နည်းကိုသုံးပြီး မှတ်သားနိုင်ပါတယ်၊ ရေးပုံကတော့ တို့ ကြားမှာ မှတ်သားလိုတဲ့ စာသားမှန်သမျှ ရေးရပါတယ်၊

www.72coder.com မှ ကူးယူဖော်ပြခြင်းဖြစ်သည် 

M-HTML Heading

HTML  heading
သတင်းစာတွေမှာ ခေါင်းစဉ်စားလုံးကိုအကြီးနဲ့ရေးကြပါတယ်၊ ဒီလိုပဲ သင့်ဝက်ဆိုကမှာလဲ ခေါင်းစဉ်စာလုံးတွေကို စာလုံးအကြီးနဲ့ ရေးလိုရပါတယ်၊ စာလုံး အကြီး တွေကို 1 က နေ 6 အထိ တဖြည်းဖြည်း သေးသွားတယ်၊ h1 က အကြီးဆုံးဖြစ်ပြီး h6 က အသေးဆုံး၊ HTML Tag တွေရဲ့သဘာဝအတိုင်း သူတို့အားလုံးမှာ အဖွင့်အပိတ်ဆိုပြီးရှိကြတယ်၊ အောက်က ဥပမာ ကို ကြည့်၊
<!DOCTYPE html>
<html>
<head>
<title>My Web Page </title>
</head>
<body>
<h1> ခေါင်းစဉ်အရွယ်အစား 1 စာလုံး </h1>
<h2> ခေါင်းစဉ်အရွယ်အစား 1 စာလုံး</h2>
<h3> ခေါင်းစဉ်အရွယ်အစား 1 စာလုံး</h3>
<h4> ခေါင်းစဉ်အရွယ်အစား 1 စာလုံး</h4>
<h5> ခေါင်းစဉ်အရွယ်အစား 1 စာလုံး</h5>
<h6> ခေါင်းစဉ်အရွယ်အစား 1 စာလုံး</h6>
</body>
</html>
အထက်က ဥပမာ ကို Run လိုက်ပါ၊ ဒါဆိုရင်တော့ သင့်ဝက်ဆိုက်စာမျက်နှာမှာ မတူညီတဲ့ အရွယ်အစားရှိတဲ့ စာလုံးတွေပေါ်လာမယ်၊ အဲ့ဒီ့ ကနေ ခေါင်းစဉ်စာလုံး တွေကို ဘယ် အရွယ်အစား သုံးချင်လဲ သုံးသင့်လဲ ဆိုတာကို နမူနာယူပါ၊ နောက်ပိုင်းရေးတဲ့အခါ ကျရင်တော့ သင်ကြိုက်တဲ့ ခေါင်းစဉ်အရွယ်အစားသုံးပြီးရေးနိုင်တယ်၊ သတိထားရမှာက အဖွင့်အပိတ် နှစ်ခုလုံးပါအောင်ရေးဖို့ပဲ၊
Headings Are Important
တချို့တွေက စာလုံးကြီးရင်ပြီးရောဆိုပြီး Strong Tag , Bold Tag နဲ့ Font size တွေ သုံးပြီး ခေါင်းကြီးစာလုံးတွေကို ပြုပြင်ကြပါတယ်၊ ခေါင်းကြီးစာလုံးရဲ့ heading Tags ကိုတော့ မသုံးကြတော့ဘူး၊ 72coder က အကြံပြုချင်တာကတော့ ခေါင်းစဉ်အတွက် heading tag တွေကိုပဲသုံးပါ၊ ဒါမှမဟုတ်ရင်ဖြင့် နောက်ပိုင်း စာမျက်နှာတွေအများကြီးပါတဲ့ ဆိုက် ကြီးတွေကို CSS သုံးပြီး အလှဆင်ရင်ပြသနာဖြစ်တတ်ပါတယ်၊ ဒီ့အပြင် heading Tag တွေနဲ့ ၀ိုင်းထားတဲ့စာသားတွေကို browser ကတွေ့ရင် အဲ့ဒီ့ heading tag မှာပါတဲ့စာသားရဲ့ ရှေ့နဲ့ နောက်မှာ နေရာလွတ်ကိုအလိုလျှောက်ချန်ပေးထားတယ်၊ နေရာလွတ်ဆိုတာ တခြား စာသားတွေမကြူးကျော်လာနိုင်အောင်မျဉ်တာပေးထားတာ၊ မျဉ်းကိုတော့မတွေ့ရပါဘူး၊ ဒါပေသည့်ရှိပါတယ်၊
နောက်အရမ်းအရေးကြီးတဲ့အချက်က Search enging ဖြစ်တဲ့ Google တို့ Yahoo တို့က သင့်ရဲ့ ဆိုက်ရှိ အကြောင်းအရာတွေကို ရှာဖွေတဲ့အခါမှာ သင့်ဝက်ဆိုက်ရဲ့ heading ခေါင်းစဉ်ကို မူတည်ပြီးရှာပါတယ်၊ ဒါကြောင့် heading tag မသုံးရင် Search engine က သင့်ဆိုက်ကိုရှာရတာ ခက်ခဲပါတယ်၊
သင့်ဆိုက်ကို ၀င်ရောက်လေ့လာသူတွေအနေနဲ့လဲ ခေါင်းစဉ်ကို ရှာပြီး သူလိုအပ်တဲ့ အကြောင်းအရာ ဟုတ်လားမဟုတ်လားကိုအလွယ်တစ်ကူဆုံးဖြတ်နိုင်မှာပါ၊

အရေးကြီးရင် ကြီးသလို heading tags တွေကို ချိန်ပြီးသုံးနိုင်ပါတယ်၊ သိပ်အရေးကြီးတယ်ဆိုရင်ဖြင့် အရေးကြီးတဲ့စာသားကို h1 နဲ့ ရေး၊ ခေါင်းစဉ်မှန်သမျှကိုတော့ heading tags ထည့်ဖြစ်အောင်ထည့် ဒါမှ အသုံပြုသူတွေက အကြောင်းအရာတစ်ခုကိုရှာမယ်၊ အဲ့ဒီ့ အကြောင်းအရာက သင့်ဝက်ဆိုက်မှာ ပါတယ်ဆိုရင် Search Engine က သင့်ဝက်ဆိုက်ကို အလွယ်လေးရှာတွေ့မှာ၊
HTML Link
HTML မှာ လင့်တွေထည့်လို့ရတယ်၊ ဥပမာ သင် ရဲ့ ၀က်ဆိုက်စာမျက်နှာကနေ အခြား ၀က်ဆိုက်စာမျက်နှာကို လှမ်းညွန်းလို့ရတယ်၊ လင့်ထည့်ဖို့အတွက်သုံးရတဲ့ HTML tag ကတော့
<a> tag ပါ၊ အဖွင့်ကို <a> လို့ရေးပြီး အပိတ်ကိုတော့ </a> လို့ရေးပါတယ်၊ ဥပမာ သင့်ဆိုက်မှာ 72coder.com ဆိုက်ကိုလင့်ချိတ်မယ်ဆိုရင် အဖွင့် HTML Link tag ရဲ့အတွင်းမှာ ချိတ်မယ့်ဆိုက်ရဲ့နာမည်ကိုရေးပေးရတယ်၊ ချိတ်မယ့်ဆိုက်ရဲ့နာမည်ကိုရေးတဲ့အခါ href လို့ခေါ်တဲ့ hyper reference ကိုပါထည့်ရတယ်၊ အောက်မှာကြည့်ပါ၊
<a href= “72coder.com”>ဒီဆိုက်ကိုသွားလည်ပါ</a>
အထက်က ကုတ်ကို Run ကြည့်လိုက်ရင်ဖြင့် ဒီဆိုက်ကိုသွားလည်ပါဆိုတဲ့စာသားကို အပြာရောင်နဲ့ ရေးထားတာတွေ့မယ်၊ အပြာရောင်ရဲ့သဘောကတော့ အဲ့ဒီ့စာသားမှာ လင့်ပါတယ် ဆိုတဲ့သဘောပါ၊ အဲ့ဒီ့စာသားကို နှိပ်လိုက်ရင် (အင်တာနက်ချိတ်ထားရင်) 72coder.com site ကို သင့်ကိုခေါ်သွားလိမ့်မယ်၊ ဒါကတော့ သင့်ဆိုက်မှာ လင့်ချိတ်တဲ့ပုံပါ၊ သုံးတဲ့ HTML Tags က <a> နဲ့ </a> တို့ပါ၊ အဖွင့် <a> ရဲ့အတွင်းမှာ href= “ ” လို့ထည့်ပေးပြီး နှစ်ထပ်ကော်မာရဲ့ ကြားမှာတော့ သင်လင့်ချိတ်လိုတဲ့ ဆိုက်ရဲ့နာမည်ကို ထည့်ရပါတယ်၊ “ဒိဆိုက်ကိုသွားလည်ပါ” ဆိုတဲ့စာသားကိုတော့ သင်စိတ်ကြိုက် လိုအပ်တဲ့စာသားရေးလို့ရတယ်၊ အဲ့ဒီ့စာသားက ၀က်ဆိုက်စာမျက်နှာမှာ ပေါ်မယ့်စာသား၊
အထက်မှသုံးခဲ့ href = “ ” ကတော့ target link ဖြစ်ပါတယ်၊ သူ့အကြောင်းကိုတော့ နောက်ပိုင်း  HTML Link တွေကို အသေးစိတ်ရှင်းပြရင် ထည့်သွင်းရှင်းပြပေးပါမယ်၊

www.72coder.com မှ ကူးယူဖော်ပြခြင်းဖြစ်သည် 

M-HTML BASIC FORM OF FRAME

HTML Basic Form or Frame
HTML မှာ အခြေခံတည်ဆောက်ပုံရှိတယ်၊ HTML ရဲ့ Frame လို့ခေါ်တယ်၊ HTML Document တစ်ခုကိုရေးတိုင်း HTML Frame ကပါကိုပါရမယ်၊ အောက်မှာ အခြေခံ HTML Frame ကိုတည်ဆောက်ပုံကို တဆင့်စီရှင်းပြမယ်၊
ပထမအဆင်
ဒီအဆင့်မှာတော့ အခုရေးမှာက HTML Document ဖြစ်ကြောင်း ကိုပြောတဲ့ Document type ဆိုတဲ့ Document အမျိုးအစားကို HTML ကို ဘာသာပြန်မယ့် browser ကသိအောင် မိတ်ဆက်မယ်၊ ဒီအတွက်သုံးတဲ့ သင်္ကေသကတော့ <!DOCTYPE html> ပါ၊ <!DOCTYPE html> သင်္ကေသကို သင်ရေးတဲ့ HTML Document တိုင်းရဲ့ ထိပ်ဆုံးမှာထည့်ပေးရပါတယ်၊ ဒါမှ အဲ့ဒီ့ စာမျက်နှာကို ဘာသာပြန်မယ့် web browser က ဘယ်လို Doucment အမျိုးအစားလဲဆိုတာကိုသိပြီး လွယ်လွယ်ကူကူ ဘာသာပြန်နိုင်မယ်၊
ဒုတိယ အဆင့်           
ဒီအဆင့်မှာတော့ အခုက စလို့ HTML ဖိုင်ကိုစရေးပါပီလို့ကြေငြာ ဖို့အတွက် HTML Tags ကိုထည့်ပေးရမယ်၊ အဖွင့်နဲ့ အပိတ် နှစ်ခုရှိတယ်၊ အောက်မှာ ထည့်ပုံကိုကြည့်၊
<!DOCTYPE html>
<html>

</html>
အထက်မှာတော့ အဖွင့်နဲ့ အပိတ် HTML Tags တွေကိုထည့်လိုက်တယ်၊ အပိတ်မှာ forwards slash (ရှေ့ ကိုစောင်းနေတဲ့ မျဉ်းစောင်း ပါတာကို သတိပြုပါ၊)  <html> နဲ့ </html> တို့ကိုတော့ web borwser က HTML ဖိုင်ကို <html> ဆိုတဲ့ နေရာကစပြီး </html> အထိ အားလုံးက HTML ဖိုင်ဖြစ်ပါတယ်လို့ အသိပေးလိုက်တာ၊ နောက်ပိုင်း ရေးသမျှ HTML Tags တွေကော စာသားတွေကောကိုပါ၊ <html> အဖွင့်နဲ့ </html> အပိတ်တို့ကြားမှာရေးရမယ်၊
တတိယ အဆင့်
ဒီအဆင့်မှာတော့  HTML Doucment ရဲ့ ခေါင်းကြီးပိုင်း ကိုသတ်မှတ်မယ်၊ ခေါင်းကြီးပိုင်းဖြစ်တဲ့ heading ရဲ့ ကိုစားပြု HTML tags က  အဖွင့် <head> နဲ့ အပိတ် </head> တို့ပါ၊  သူတို့ကို <html> နဲ့ </html> တို့ကြားထဲမှာထည့်ရေးရတယ်၊ အောက်မှာကြည့်ပါ၊
<!DOCTYPE html>
<html>
<head>
</head>
</html>
အထက်မှာတော့ ခေါင်းကြီးပိုင်း သတ်မှာတဲ့ HTML tags တွေဖြစ်တဲ့ အဖွင့် <head> နဲ့ အပိတ် </head> တို့ကိုရေးပြီးသွားပါပီ၊ သူတို့ သာလျှင်မက အခြား မည်သည့် HTML Tags တွေကိုမဆို <html> နဲ့ </html> တို့ကြားထဲမှာထည့်ရေးရမယ်၊
စတုတ္ထအဆင့်
ဒီအဆင့်မှာတော့ ခေါင်းစဉ်ကိုတပ်မယ်၊ ခေါင်း ကြီးပိုင်းနဲ့ ခေါင်းစဉ်နဲ့ မတူပါဘူး၊  ခေါင်းစဉ် Title တပ်ဖို့အတွက် သုံးရတဲ့ HTML Tags ကတော့ အဖွင့် <title> နဲ့ အပိတ် </title> တို့ပဲဖြစ်ပါတယ်၊ ခေါင်းစဉ် Tags တွေကိုတော့ ခေါင်းကြီးပိုင်း Tags  တွေဖြစ်တဲ့ <html> နဲ့ </html> တျှိ စာသား ပုံ လင့် ဇယား မှန်သမျှကို အဲ့ဒီ့ <body> အဖွင့်နဲ့ </body> အပိတ်တို့ကြားမှာရေးပါတယ်၊
အထက်က ကုတ်တွေရဲ့ အဖွင့် <body> နဲ့ အပိတ်ဖြစ်တဲ့ My Web Page ကို ခေါင်းစဉ် tags တွေဖြစ်တဲ့ <title> နဲ့ </title> ရဲ့ကြားမှာထည့်ထားတာကိုတွေ့ရမယ်၊ ခေါင်းစဉ် နဲ့ ပတ်သတ်တဲ့ Element ကိုတော့ ခေါင်းကြီးပိုင်း Tags တွေဖြစ်တဲ့ <head> နဲ့ </head> တို့ရဲ့ ကြားမှာ ထားကိုထားရမယ်၊
ပဉ္စမ အဆင့်
ဒီအဆင့်ကတော့ သင်ရဲ့ ၀က်ဆိုက်တစ်ခုလုံးကိုပေါ်စေတဲ့ အပိုင်းပါ၊ သင်မြင်တွေ့နေရတဲ့ ၀က်ဆိုက်မှန်သမျှက ဒီအစိတ်အပိုင်းက နေလာပါတယ်၊ သူ့ကိုတော့ body လို့ခေါ်တယ်၊ သူ့ကိုရေးရာမှာ အသုံးပြုတဲ့ HTML Tags ကတော့ အဖွင့် <body> နဲ့ အပိတ် </body> တို့ပါ၊ သူတို့ကိုတော့ ခေါင်းကြီးပိုင်း       Tag  ရဲ့ အဆုံးဖြစ်တဲ့ </head> ရဲ့ အောက်မှာထည့်ပါတယ်၊ အောက်မှာကြည့်ပါ၊
<!DOCTYPE html>
<html>
<head>
<title>My Web Page </title>
</head>
<body>
</body>
</html>
အထက်က HTML ဖိုင်မှာ <body> နဲ့ </body>  တို့ကို ခေါင်းကြီးပိုင်း Tag အဆုံးဖြစ်တဲ့ </head> ရဲ့နောက်မှာထည့်လိုက်ပါပီ၊ နောက်ပိုင်းသင့် ၀က်ဆိုက်ရဲ့ စာမျက်နှာမှာ ပေါ်လိုသမျှ စာသား ပုံ လင့် ဇယား မှန်သမျှကို အဲ့ဒီ့ <body> အဖွင့်နဲ့ </body> အပိတ်တို့ကြားမှာရေးပါတယ်၊
အထက်က ကုတ်တွေရဲ့ အဖွင့် <body> နဲ့ အပိတ် </body> တို့ကြားမှာ စာတစ်ကြောင်းလောက်ထည့်လိုက်မယ်၊ ထည့်မယ့်စာကြောင်းကို Paragraph စာပိုဒ် အနေနဲ့ထည့်မယ်၊ အောက်မှာကြည့်ပါ၊
<!DOCTYPE html>
<html>
<head>
<title>My Web Page </title>
</head>
<body>
<p> Howddy Buddy! This is my Site </p>
</body>
</html>
အထက်က  HTML Document ကို Run လိုက်ရင်အောက်ပါအတိုင်းစာမျက်နှာကိုရေရှိပါမယ်၊

အထက်က ပုံကတော့ ရေးခဲ့တဲ့ ကုတ်တွေကို Run လိုက်ရင်ရမယ့် Web page ပါ၊ (ပုံကတော့ သေးအောင်ချုံ့ထားတာ)၊ အစိမ်းရောင် မြားပြထားတဲ့ နေရာကတော့ သင်ကုတ်တွေရေးတုံးက ခေါင်းစဉ်နေရာမှာ <title>My Web page</title> လို့ရေးခဲ့တဲ့အပိုင်းကို ကိုစားပြုတဲ့ ခေါင်းစဉ်စာသားပါ၊ Web browser က ဘာသာပြန်ပြီးခေါင်းစဉ်ရှိရမယ့် နေရာဖြစ်တဲ့ မြားစိမ်းပြထားတဲ့ နေရာကိုပို့လိုက်တာ။ ဒီတော့ အဖွင့် <title> နဲ့ အပိတ် </title> တို့ကြားမှာ ဘာရေးရေး တကယ့် ၀က်ဆိုက်မှာ ဖွင့်ကြည့်ရင် အဲ့ဒီ့ရေးထားတဲ့ စာသားတွေပေါ်မယ့်နေရာက အစိမ်းရောင်မြားပြထားတဲ့နေရာပါ၊
အနီရောမြားပြထားတဲ့နေရာကတော့ သင့်ဝက်ဆိုက် ရဲ့နာမည်ပေါ်မယ့်နေရာပါ၊ ဥပမာ 72coder.com က သင့်ဝက်ဆိုက်နာမည်ဆိုရင် အဲ့ဒီ့ အနီရောင်မြားပြထားတဲ့နေရာမှာ 72coder.com လို့ပေါ်နေမယ်၊ အခုတော့ ကွန်ပြူတာထဲမှာပဲ Run ထားတဲ့ အတွက် ကွန်ပြူတာထဲရှိ HTML Document သိမ်းထားတဲ့နေရာကိုပဲပြနေပါတယ်၊
အနက်ရောင်မြားပြထားတဲ့ နေရာ (အဲ့ဒီ့အဖြူရောင်မျက်နှာပြင်တစ်ခုလုံး) ကတော့ သင် HTML Frame ကိုရေးတုန်းက အဖွင့် <body> နဲ့ အပိတ် <body> ကြားမှာ ရေးခဲ့တဲ့ Howddy Buddy! This is my site ဆိုတဲ့စာသားပေါ်နေမယ့်နေရာပါ၊ သင် အဖွင့် <body> နဲ့ အပိတ် </body> တို့ကြားထဲမှာဘာပဲရေးရေး အဲ့ဒီ့ မြားအနက်ရှိတဲ့ အဖြူရောင်မျက်နှာပြင်မှာပေါ်မှာပါ၊
ဒီသင်ခန်းစာကိုသေချာနားလည်အောင် လေ့လာပါ

www.72coder.com မှ တင်ပြချက်ကို ကူးယူဖော်ပြသည်

M-What is HTML

What is HTML
HTML ဆိုတာ ၀က်ဆိုက်စာမျက်နှာတွေကို ဖော်ပြဖို့အတွက်သုံးတဲ့ ဘာသာပါ၊ HTML ဆိုတဲ့ စကားလုံးမှာ အက္ခရာ တစ်လုံးစီမှာ အဓိပ္ပါယ်ရှိပါတယ်၊ H က Hyper ဆိုတဲ့စာလုံးအတွက်ရပ်တည်တယ်၊ T က Text ဆိုတဲ့ စာလုံးအတွက်ရပ်တည်တယ်၊ M က Markup ဆိုတဲ့စာလုံးအတွက်ရပ်တည်တယ်၊ L က language ဆိုတဲ့စာလုံးအတွက်ရပ်တည်တယ်၊ အားလုံးကို ပေါင်းရေးရင် အတိုကောက် ပုံစံက HTML ဖြစ်ပြီး မူရင်းပုံစံက Hyper Text Markup Language ဖြစ်တယ်၊ HTML က Programming ဘာသာရပ်မဟုတ်ပါဘူး၊ သူက Markup ဆိုတဲ့ အမှန်အသားပြုလုပ်တဲ့ ဘာသာပါ၊ အမှတ်အသားဆိုတာ <h> ဆိုရင်ခေါင်းစဉ်လို့သတ်မှတ်တယ်၊ <p> ဆိုရင် စာပိုက်လို့သတ်မှတ်တယ် စသဖြင့် အမှတ်အသားလုပ်တဲ့ ဘာသားဖြစ်လို့ သူ့ကို Markup Language လို့ခေါ်ပါတယ်၊ Markup Language လို့ခေါ်တဲ့ အမှတ်အသားပြုလုပ်တဲ့ ဘာသာရပ်ကို မတူညီတဲ့ မှတ်သားမူတွေပြုလုပ်တဲ့ သင်္ကေသတွေနဲ့ ဖွဲ့ စည်းထားတယ်၊ အဲ့ဒိ့ မတူညီတဲ့ အမှတ်အသား သင်္ကေသတွေကို Markup Tags လို့ခေါ်တယ်၊
Markup Tags
အဲ့ ဒီ့ Markup Tags တွေက ၀က်ဆိုက်စာမျက်နှာတွေကို ဘယ်အပိုင်းကတော့ ခေါင်းစဉ် ဘယ်အပိုင်းကတော့ စာပိုဒ် စသဖြင့်မှတ်သားပေးတယ်၊ Markup tags တွေမှာ အထူးပြုစာလုံးတွေကိုသုံးတယ်၊ ဥပမာ head ဆိုရင် h လို့သုံးတယ်၊ paragraph ဆိုရင် p လို့သုံးတယ်၊ line break ဆိုရင် br လို့သုံးတယ်၊ အဲ့ဒီ့ အထူးပြုစာလုံးတွေကို angle brackets လို့ခေါ်တဲ့ အဖွင့် < အပိတ် > မြားလေးတွေနဲ့ ၀ိုင်းထားတယ်၊ Greater than သင်္ကေသတို့ Less than သင်္ကေသတို့နဲ့တူတယ်၊ Markup Tags တိုင်းကို အဲ့ဒီ့လိုမြားလေးတွေ အဖွင့်အပိတ်နှစ်ခုကြာထဲထည့်ရတယ်၊ ဥပမာ head ဆိုရင် <h> လို့ရေးတယ်၊  paragraph ဆိုရင် <p> လို့ရေးတယ်၊ အဲ့ဒီ့ Markup Tags တွေက ရေးရင် တစ်စုံရေးရတယ်၊ အဖွင့် ရှိသလို အပိတ်ရှိတယ် (တစ်ချို့တော့ခြွင်းချက်ရှိတယ်)၊ အဖွင့်အပိတ်ပါအောင်ရေးမှ မှတ်လိုတဲ့အစိတ်အပိုင်းကို မှန်ကန်စွာမှတ်နိုင်မယ်၊
ဥပမာ သင်စာကြောင်းတစ်ကြောင်းကို ခေါင်းကြီးစာလုံး heading လို့သတ်မှတ်ချင်တယ်ဆိုပါစို့၊ အဲ့ဒီ့လို သတ်မှတ်ဖို့အတွက် Markup Tags တွေထဲက ခေါင်းကြီးစာလုံးကို ကိုစားပြုတဲ့ <h1> ကိုသုံးနိုင်တယ်၊ အဖွင့်ကို <h1> လို့ရေးပြီး အပိတ်ကို </h1> လို့ရေးတယ်၊ အဖွင့်အပိတ်ကိုတော့ သင်သတ်မှတ်လိုတဲ့စာကြောင်းရဲ့ အစနဲ့ အဆုံးမှာထည့်ရတယ်၊
ဥပမာ သင်က “I am Learning web design ဆိုတဲ့စာသားကိုခေါင်းစဉ် heading အဖြစ်သတ်မှတ်ချင်တယ်ဆိုရင် အောက်က အတိုင်း Markup tags ရဲ့ ခေါင်းကြီးစဉ် သင်္ကေသ ဖြစ်တဲ့ <h1> နဲ့ </h1> တို့ကို  “I am learning web design” ဆိုတဲ့ သင်ခေါင်းစဉ်သတ်မှတ်လိုတဲ့ စာသားရဲ့ ရှေ့ နဲ့ နောက်မှာထားရမယ်၊ အောက်မှာဥပမာကြည့်၊
<h1> I am learning web design </h1>
အထက်က ဥပမာကတော့ သင် မှတ်သားလိုတဲ့ စာကြောင်းကို Markup tag သုံးပြီးမှတ်သားရာမှာ အဖွင့်open tags နဲ့ အပိတ် close tag နှစ်ခုသုံးပြီးမှတ်သားရတယ်ဆိုတဲ့ ဥပမာ ပါ၊ အပိတ်မှာ close tag မှာ အမြဲတမ်း ရှေ့ကိုစောင်းထားတဲ့ မျဉ်းစောင်း forward slash ကိုထည့်ရတယ်၊
HTML က အသုံးဝင်လှပါတယ်၊ သူ့ကိုမသုံးရင် သင့်ရဲ့ဝက်ဆိုက်မှာ ဘယ်စာကြောင်းက ခေါင်းစဉ်လဲ ဘယ်စာကြောင်းက လင့်လဲ စသဖြင့် ခွဲခြား သိနိုင်တော့မှာမဟုတ်ပါဘူး၊
HTML Element
HTML မှာ HTML Elements တွေရှိပါတယ်၊ သူတို့ကို HTML Tags တွေနဲ့ ရှုပ်သွားတတ်တယ်၊ အောက်က ဥပမာကိုကြည့်ပါ၊
<h1> I am learning web design </h1>
အထက်က စာကြောင်းမှာ HTML Tags တွေကိုပြောပါဆိုရင် <h1> နဲ့ </h1> တို့ကိုပြောရပါမယ်၊ အလယ်က စာကြောင်းမပါဘူး၊ ဒါမှမဟုတ်ဘဲ HTML Element ကိုပြောပါဆိုရင်တော့
စာကြောင်းတစ်ကြောင်းလုံး အပါအ၀င်ဖြစ်တဲ့ <h1> I am learning web design </h1> ကိုပြောရပါမယ်၊ <h1> အစကနေ စာကြောင်းအပါအ၀င် </h1> အဆုံးအထိကို HTML Element တစ်ခုလို့ခေါ်ပါတယ်၊
HTML Documents are Webpages
HTML Document ဆိုတာက web page လို့ခေါ်တဲ့ ၀က်ဆိုက်စာမျက်နှာပါပဲ၊ HTML ရဲ့ အမြင်မှာတော့ web pages တွေက HTML Document တွေပဲဖြစ်ပါတယ်၊ ဒါကြောင့်ပဲ HTML Document တစ်ခုကို web page လို့ခေါ်နိုင်ပါတယ်၊
ကွန်ပြူတာ အင်တာနက်အသုံးပြုသူတွေသုံးနေကြတဲ့ web browser တွေဖြစ်တဲ့ Internet Explorer, Firefox, Google Chrome တို့ရဲ့ အဓိပ ရည်ရွယ်ချက်က HTML Document တွေကို ဖတ်ပြီးဘာသာပြန်ဖို့ပါ၊ web browser တွေက သူတို့ တွေ့တဲ့ HTML Documents တွေကို သင်မြင်တွေ့နေရတဲ့ လှပ သေသပ်တဲ့ ၀က်ဆိုက်စာမျက်နှာလေးတွေဖြစ်အောင် ဘာသာပြန်ကြတယ်၊ တကယ်တော့ သူတို့ စတွေ့တာက Markup Tags တွေနဲ့ ဖွဲ့စည်းထားတဲ့ HTML Document ပါ၊ HTML Documents တွေကိုပဲ လူတွေအတွက် အမြင်ရှင်းအောင် ဖတ်ရလွယ်အောင် browser တွေက ဘာသာပြန်လိုက်ကြတယ်၊ ဥပမာ <h1> This is heading </h1> ဆိုတဲ့စာသားကိုတွေ့ရင် browser တွေက အော် ဒါက <h1> ဆိုတဲ့ Tag ကိုသုံးထားတော့ သူ့ထဲမှာရှိတဲ့စာသားတွေက ခေါင်းစဉ်ဖြစ်မယ်၊ ဒီတော့ သူ့ကို တခြားစာလုံးတွေနဲ့ မတူတဲ့ ခေါင်းစဉ်စာလုံးပုံပြောင်းပေးလိုက်မယ် ဆိုပြီး ခေါင်းစဉ်အဖြစ်ပြောင်းပေးလိုက်တယ်၊ ဒါကိုဘာသာပြန်တယ်လို့ခေါ်တယ်၊ HTML Tags တွေကို တော့ထည့်မပြန်ဘူး၊ ဒါပေမယ့် HTML tags တွေရဲ့ မှတ်သားမူတွေအတိုင်း ဘာသာပြန်လိုက်တယ်၊
ဒီသင်ခန်းစာမှာ မိတ်ဆက်အနေနဲ့ HTML အကြောင်းကိုပဲ ရှင်းပြထားတယ်၊ နောက် သင်ခန်းစာမှာတော့ အခြခံတည်ဆောက်ပုံကိုလေ့လာမယ်


 www.72coder.com မှ ကူးယူဖော်ပြခြင်းဖြစ်သည်