HTML Basic Form or Frame
HTML မှာ အခြေခံတည်ဆောက်ပုံရှိတယ်၊ HTML ရဲ့ Frame လို့ခေါ်တယ်၊ HTML
Document တစ်ခုကိုရေးတိုင်း HTML Frame ကပါကိုပါရမယ်၊ အောက်မှာ အခြေခံ HTML
Frame ကိုတည်ဆောက်ပုံကို တဆင့်စီရှင်းပြမယ်၊
ပထမအဆင့်
ဒီအဆင့်မှာတော့ အခုရေးမှာက HTML Document ဖြစ်ကြောင်း ကိုပြောတဲ့
Document type ဆိုတဲ့ Document အမျိုးအစားကို HTML ကို ဘာသာပြန်မယ့်
browser ကသိအောင် မိတ်ဆက်မယ်၊ ဒီအတွက်သုံးတဲ့ သင်္ကေသကတော့ <!DOCTYPE
html> ပါ၊ <!DOCTYPE html> သင်္ကေသကို သင်ရေးတဲ့ HTML Document
တိုင်းရဲ့ ထိပ်ဆုံးမှာထည့်ပေးရပါတယ်၊ ဒါမှ အဲ့ဒီ့ စာမျက်နှာကို
ဘာသာပြန်မယ့် web browser က ဘယ်လို Doucment အမျိုးအစားလဲဆိုတာကိုသိပြီး
လွယ်လွယ်ကူကူ ဘာသာပြန်နိုင်မယ်၊
ဒုတိယ အဆင့်
ဒီအဆင့်မှာတော့ အခုက စလို့ HTML ဖိုင်ကိုစရေးပါပီလို့ကြေငြာ ဖို့အတွက်
HTML Tags ကိုထည့်ပေးရမယ်၊ အဖွင့်နဲ့ အပိတ် နှစ်ခုရှိတယ်၊ အောက်မှာ
ထည့်ပုံကိုကြည့်၊
<!DOCTYPE html>
<html>
</html>
အထက်မှာတော့ အဖွင့်နဲ့ အပိတ် HTML Tags တွေကိုထည့်လိုက်တယ်၊ အပိတ်မှာ
forwards slash (ရှေ့ ကိုစောင်းနေတဲ့ မျဉ်းစောင်း ပါတာကို သတိပြုပါ၊)
<html> နဲ့ </html> တို့ကိုတော့ web borwser က HTML ဖိုင်ကို
<html> ဆိုတဲ့ နေရာကစပြီး </html> အထိ အားလုံးက HTML
ဖိုင်ဖြစ်ပါတယ်လို့ အသိပေးလိုက်တာ၊ နောက်ပိုင်း ရေးသမျှ HTML Tags တွေကော
စာသားတွေကောကိုပါ၊ <html> အဖွင့်နဲ့ </html>
အပိတ်တို့ကြားမှာရေးရမယ်၊
တတိယ အဆင့်
ဒီအဆင့်မှာတော့ HTML Doucment ရဲ့ ခေါင်းကြီးပိုင်း ကိုသတ်မှတ်မယ်၊
ခေါင်းကြီးပိုင်းဖြစ်တဲ့ heading ရဲ့ ကိုစားပြု HTML tags က အဖွင့်
<head> နဲ့ အပိတ် </head> တို့ပါ၊ သူတို့ကို <html> နဲ့
</html> တို့ကြားထဲမှာထည့်ရေးရတယ်၊ အောက်မှာကြည့်ပါ၊
<!DOCTYPE html>
<html>
<head>
</head>
</html>
အထက်မှာတော့ ခေါင်းကြီးပိုင်း သတ်မှာတဲ့ HTML tags တွေဖြစ်တဲ့ အဖွင့်
<head> နဲ့ အပိတ် </head> တို့ကိုရေးပြီးသွားပါပီ၊ သူတို့
သာလျှင်မက အခြား မည်သည့် HTML Tags တွေကိုမဆို <html> နဲ့
</html> တို့ကြားထဲမှာထည့်ရေးရမယ်၊
စတုတ္ထအဆင့်
ဒီအဆင့်မှာတော့ ခေါင်းစဉ်ကိုတပ်မယ်၊ ခေါင်း ကြီးပိုင်းနဲ့ ခေါင်းစဉ်နဲ့
မတူပါဘူး၊ ခေါင်းစဉ် Title တပ်ဖို့အတွက် သုံးရတဲ့ HTML Tags ကတော့ အဖွင့်
<title> နဲ့ အပိတ် </title> တို့ပဲဖြစ်ပါတယ်၊ ခေါင်းစဉ် Tags
တွေကိုတော့ ခေါင်းကြီးပိုင်း Tags တွေဖြစ်တဲ့ <html> နဲ့
</html> တျှိ စာသား ပုံ လင့် ဇယား မှန်သမျှကို အဲ့ဒီ့ <body> အဖွင့်နဲ့
</body> အပိတ်တို့ကြားမှာရေးပါတယ်၊
အထက်က ကုတ်တွေရဲ့ အဖွင့် <body> နဲ့ အပိတ်ဖြစ်တဲ့ My Web Page ကို ခေါင်းစဉ် tags
တွေဖြစ်တဲ့ <title> နဲ့ </title>
ရဲ့ကြားမှာထည့်ထားတာကိုတွေ့ရမယ်၊ ခေါင်းစဉ် နဲ့ ပတ်သတ်တဲ့ Element ကိုတော့
ခေါင်းကြီးပိုင်း Tags တွေဖြစ်တဲ့ <head> နဲ့ </head> တို့ရဲ့
ကြားမှာ ထားကိုထားရမယ်၊
ပဉ္စမ အဆင့်
ဒီအဆင့်ကတော့ သင်ရဲ့ ၀က်ဆိုက်တစ်ခုလုံးကိုပေါ်စေတဲ့ အပိုင်းပါ၊
သင်မြင်တွေ့နေရတဲ့ ၀က်ဆိုက်မှန်သမျှက ဒီအစိတ်အပိုင်းက နေလာပါတယ်၊
သူ့ကိုတော့ body လို့ခေါ်တယ်၊ သူ့ကိုရေးရာမှာ အသုံးပြုတဲ့ HTML Tags ကတော့
အဖွင့် <body> နဲ့ အပိတ် </body> တို့ပါ၊ သူတို့ကိုတော့
ခေါင်းကြီးပိုင်း Tag ရဲ့ အဆုံးဖြစ်တဲ့ </head> ရဲ့
အောက်မှာထည့်ပါတယ်၊ အောက်မှာကြည့်ပါ၊
<!DOCTYPE html>
<html>
<head>
<title>My Web Page </title>
</head>
<body>
</body>
</html>
အထက်က HTML ဖိုင်မှာ <body> နဲ့ </body> တို့ကို
ခေါင်းကြီးပိုင်း Tag အဆုံးဖြစ်တဲ့ </head>
ရဲ့နောက်မှာထည့်လိုက်ပါပီ၊ နောက်ပိုင်းသင့် ၀က်ဆိုက်ရဲ့ စာမျက်နှာမှာ
ပေါ်လိုသမျှ စာသား ပုံ လင့် ဇယား မှန်သမျှကို အဲ့ဒီ့ <body> အဖွင့်နဲ့
</body> အပိတ်တို့ကြားမှာရေးပါတယ်၊
အထက်က ကုတ်တွေရဲ့ အဖွင့် <body> နဲ့ အပိတ် </body>
တို့ကြားမှာ စာတစ်ကြောင်းလောက်ထည့်လိုက်မယ်၊ ထည့်မယ့်စာကြောင်းကို
Paragraph စာပိုဒ် အနေနဲ့ထည့်မယ်၊ အောက်မှာကြည့်ပါ၊
<!DOCTYPE html>
<html>
<head>
<title>My Web Page </title>
</head>
<body>
<p> Howddy Buddy! This is my Site </p>
</body>
</html>
အထက်က HTML Document ကို Run လိုက်ရင်အောက်ပါအတိုင်းစာမျက်နှာကိုရေရှိပါမယ်၊
အထက်က ပုံကတော့ ရေးခဲ့တဲ့ ကုတ်တွေကို Run လိုက်ရင်ရမယ့် Web page ပါ၊
(ပုံကတော့ သေးအောင်ချုံ့ထားတာ)၊ အစိမ်းရောင် မြားပြထားတဲ့ နေရာကတော့
သင်ကုတ်တွေရေးတုံးက ခေါင်းစဉ်နေရာမှာ <title>My Web
page</title> လို့ရေးခဲ့တဲ့အပိုင်းကို ကိုစားပြုတဲ့
ခေါင်းစဉ်စာသားပါ၊ Web browser က ဘာသာပြန်ပြီးခေါင်းစဉ်ရှိရမယ့်
နေရာဖြစ်တဲ့ မြားစိမ်းပြထားတဲ့ နေရာကိုပို့လိုက်တာ။ ဒီတော့ အဖွင့်
<title> နဲ့ အပိတ် </title> တို့ကြားမှာ ဘာရေးရေး တကယ့်
ဝက်ဆိုက်မှာ ဖွင့်ကြည့်ရင် အဲ့ဒီ့ရေးထားတဲ့ စာသားတွေပေါ်မယ့်နေရာက
အစိမ်းရောင်မြားပြထားတဲ့နေရာပါ၊
အနီရောမြားပြထားတဲ့နေရာကတော့ သင့်ဝက်ဆိုက် ရဲ့နာမည်ပေါ်မယ့်နေရာပါ၊ ဥပမာ
72coder.com က သင့်ဝက်ဆိုက်နာမည်ဆိုရင် အဲ့ဒီ့ အနီရောင်မြားပြထားတဲ့နေရာမှာ
72coder.com လို့ပေါ်နေမယ်၊ အခုတော့ ကွန်ပြူတာထဲမှာပဲ Run ထားတဲ့ အတွက်
ကွန်ပြူတာထဲရှိ HTML Document သိမ်းထားတဲ့နေရာကိုပဲပြနေပါတယ်၊
အနက်ရောင်မြားပြထားတဲ့ နေရာ (အဲ့ဒီ့အဖြူရောင်မျက်နှာပြင်တစ်ခုလုံး)
ကတော့ သင် HTML Frame ကိုရေးတုန်းက အဖွင့် <body> နဲ့ အပိတ်
<body> ကြားမှာ ရေးခဲ့တဲ့ Howddy Buddy! This is my site
ဆိုတဲ့စာသားပေါ်နေမယ့်နေရာပါ၊ သင် အဖွင့် <body> နဲ့ အပိတ်
</body> တို့ကြားထဲမှာဘာပဲရေးရေး အဲ့ဒီ့ မြားအနက်ရှိတဲ့
အဖြူရောင်မျက်နှာပြင်မှာပေါ်မှာပါ၊
ဒီသင်ခန်းစာကိုသေချာနားလည်အောင် လေ့လာပါ
www.72coder.com မှ တင်ပြချက်ကို ကူးယူဖော်ပြသည်
No comments:
Post a Comment